Friday, August 31, 2012

ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ဓါတ်ပုံ (၅) ပုံ

World Trade Center 9/11 (Steve Ludlum)

ဒီဓါတ်ပုံကို Steve Ludlum ဆိုတဲ့ပုဂ္ဂိုလ် ရိုက်ခဲ့တာပါ။ အမေရိကန်မှာရှိတဲ့ WTC ကို လေယဉ်နဲ့ အသေခံ ၀င်တိုက်ခဲ့စဉ်ကပုံဖြစ်ပါတယ်။ ဒုတိယမြောက်လေယဉ်တစ်စီး ၀င်တိုက်ပြီးတဲ့နောက် မီးခိုး၊ မီးလုံးတွေ ကောင်းကင်ယံကို အရှိန်အဟုန်ပြင်းစွာထိုးထွက်လာပုံကို အမိအရ ရိုက်ယူထားနိုင်ခဲ့ပါတယ်။



4. After the Tsunami (Arko Datta)

India ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့သော ဆူနာမီဖြစ်ရပ်ဆိုးကြီးအပြီးမျာ Arko Datta ဆိုတဲ့ ဓါတ်ပုံဆရာက Tamil Nadu ဆိုတဲ့ဒေသမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၀၄ ခုနှစ်ရဲ့ ကမ္ဘာ့ သတင်းစာ ဓါတ်ပုံ ဆုကို ရရှိခဲ့ပါတယ်။.
“After the Tsunami” လို့အမည်ရတဲ့ ဒီဓါတ်ပုံလေးဟာ အမျိုးသမီးတစ်ယောက်ဟာ ဆူနာမီ ကြောင့် သေဆုံးခဲ့ရတဲ့ သူ့ဆွေမျိုးအလောင်းဘေးမှာ အော်ဟစ်လူးလိမ့်နေပုံဖြစ်ပါတယ်..၊ မိသားစု တစ်စုလည်း သူတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်ပြီး ဓါတ်ပုံဆရာမှ အမိအရ ရိုက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်..။
3. Bhopal Gas Tragedy 1984 (Pablo Bartholomew)

Pablo Bartholomew ဆိုတဲ့ India ဓါတ်ပုံဆရာက ဒီဓါတ်ပုံလေးကို ရိုက်ခဲ့တာပါ။ လွန်ခဲ့တဲ့ (၂၆) နှစ်က စက်ရုံစွန့်ထုတ် ဓါတုဓါတ်ငွေတွေကြောင့် လူပေါင်း ၅၅၈၂၁၅ ဒဏ်ရာရရှိခဲ့ပြီး ၁၅၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဓါတ်ပုံလေးကို Pablo Bartholomew၊ Raghu Rai နဲ့ အခြား ဓါတ်ပုံဆရာတစ်ယောက်တို့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်. ဒီဓါတ်ပုံကိုမြင်လိုက်ရတာနဲ့ သူတို့ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါးခံစားခဲ့ရလဲဆိုတာကို သိသာပါတယ်လို့..Raghu Rai က ပြောကြားခဲ့ပါတယ်..။
2. Operation Lion Heart (Deanne Fitzmaurice)

Pulitzer Prize ရိုက်ကူးခဲ့တဲ့ ဒီဓါတ်ပုံလေးကတော့ အီရတ်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲများကြားမှာ ပေါက်ကွဲမှုတစ်ခုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့ ကလေးတစ်ယောက်ပုံဖြစ်ပါတယ်။ ခွဲစိတ်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး လောကကြီးကို အရှုံးပေးချင်တဲ့စိတ် မရှိတဲ့ ဒီကလေးကို ဂုဏ်ပြုပြီး Lion Heart လို့ နာမည်ပေးထားပါတယ်တဲ့.
1. Tragedy of Omayra Sanchez (Frank Fourier)

Frank Fournier ရိုက်ကူးခဲ့တဲ့ ဒီဖြစ်ရပ်လေးကတော့ တော့်တော့်ကိုရင်နာစရာကောင်းတယ်လို့ ပြောရမှာ ပါ။ ကိုလံဘီယာနိုင်ငံမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကြားမှာ ဒီကောင်လေးဟာ ပိတ်မိနေခဲ့တယ်လို့သိရပါတယ်..၊ ဒီကောင်လေးဟာ အသက်မရှင်ခဲ့ပဲ သုံးရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်..၊ ဒီဓါတ်ပုံထွက်လာပြီးနောက်ပိုင်း နိုင်ငံတကာမှ ကိုလံဘီယာနိုင်ငံ အပေါ် အပြင်းအထန်ဝေဖန်မှုရှိခဲ့ပြီး ကယ်ဆယ်ရန်နောက်ကျခဲ့တဲ့ အစိုးရတာဝန်ရှိ အဖွဲ့တွေကို ပြန်လည်ဆန်းစစ်ခဲ့ရပါတယ်...။




အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ